ဆင်ဖြူကျွန်းမြို့ နွယ်တမယ်တံတားတွင် တာဝန်ကျနေသည့် စစ်သား ၁ ဦး ကင်းကျချိန် ထွက်ပြေးလာပြီး တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

ဆင်ဖြူကျွန်းမြို့ နွယ်တမယ်တံတားတွင် တာဝန်ကျနေသည့် စစ်သား ၁ ဦး ကင်းကျချိန် ထွက်ပြေးလာပြီး တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ နွယ်တမယ်တံတားတွင် တာဝန်ကျနေသည့် စစ်သား (၁)ဦး ကင်းကျချိန် ထွက်ပြေးလာပြီး တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာကြောင်း ဒေါင်းစစ်အောင် (LPDF) အဖွဲ့ထံမှ သိရသည်။

ဆင်ဖြူကျွန်းမြို့ နွယ်တမယ်တံတားတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အသက် (၃၀)အရွယ် ကျော်စွာထက်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် တံတား၌ ကင်းကျချိန်တွင် လက်နက်မဲ့ ထွက်ပြေးလာပြီး တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်သားသည် ကင်းကျရာမှ ထွက်ပြေးလာပြီးနောက် ဒေါင်းစစ်အောင် (LPDF) အဖွဲ့၏ ရှေ့ကင်းပွိုင့် တပ်ဖွဲ့ဝင်များနှင့် အတွေ့တွင် လက်ထောင်ပြ၍ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ကောင်းမွန်စွာ ကြိုဆိုလက်ခံထားကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:ဒေါင်းစစ်အောင်