ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း ၇ ခုကို တော်လှန်ရေးတပ်များ ရှင်းလင်း 

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း ၇ ခုကို တော်လှန်ရေးတပ်များ ရှင်းလင်း 

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသော ဂိတ်စခန်း(၇)ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရှင်းလင်းလိုက်သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းရှိ စစ်ကောင်စီဂိတ်(၇)ခုကို တောင်ပိုင်းစစ်‌‌ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ လက်အောက်ခံတပ်များနှင့် KNLA ပူးပေါင်းတပ်များက ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ နှင့် (၂၆)ရက်နေ့တို့တွင် တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။ 

အဆိုပါ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ လက်အောက်ရှိ အမှတ်(၃၇၀၂)တပ်ရင်း၊ အမှတ်(၃၅၀၂)တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝက စစ်‌ကြောင်း(၇၈၀၃)၊ ဧရာဝတီစစ်ကြောင်း(၆၀၀၂)၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖ တို့နှင့် KNLA တပ်ရင်း(၉)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦး သေဆုံးသည်ဟု သိရသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့် စစ်ရေးလှုပ်ရှားမှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ဂိတ်စခန်းများ အနီးဝန်းကျင်သို့ မလိုအပ်ဘဲ သွား‌ရောက်ခြင်းများမပြုကြရန် အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo:Ministry of Defence - National Unity Government of Myanmar