ကွမ်းခြံကုန်းမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ် နေအိမ် ၇၀ ကျော်ပျက်စီး

ကွမ်းခြံကုန်းမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ် နေအိမ် ၇၀ ကျော်ပျက်စီး

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်တွင် ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့ နံနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ရာ နေအိမ်(၇၀)လုံးကျော်ပျက်စီးသည်ဟု ဒေသခံများထံမှ သိရသည်။

လေဆင်နှမောင်းတိုက်ခတ်သဖြင့် ကညင်ကုန်းနှင့် ညောင်နီကုန်း ကျေးရွာတို့မှ အိမ်ခြေ (၃၄)အလုံးစုံပျက်စီးပြီး (၃၇)လုံး အမိုးအကာများ ပျက်စီးသည်ဟု သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်သူ (၃၄၂)ဦး ရှိသည်ဟု သိရသည်။

#TachileikNewsAgency

Photo:CJ