ရေးမြို့တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးကို ဖမ်းမိ

ရေးမြို့တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးကို ဖမ်းမိ

မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးကို ၂၀၂၄ ခုနှစ် ဇွန်လ (၅)ရက်နေ့က ဖမ်းဆီးရမိကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)ထံမှ သိရသည်။

လမိုင်းမြို့နယ်ခွဲ၊ မော့ကနင်ကျေးရွာရှိ စစ်ကောင်စီ၏ (ခလရ - ၁၀၆) တပ်ရင်းဌာနချုပ်မှ တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးဆိုသူကို မော့ကနင်ကျေးရွာအနီး၌ စောင့်ဆိုင်းပြီး ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းထံမှ MA-5 ပစ္စတိုတစ်လက်၊  MA-3 တစ်လက်နှင့် ကားတစ်စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency