ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားများအား သာယာဝတီထောင်သို့ ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီမှ ကားငါးစီးဖြင့် ထောင်ပြောင်းရွှေ့မှုများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။
ထောင်ပြောင်းရွှေ့သည့်အထဲအတွင် နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိခြင်းမရှိသေးကြောင်း PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက Tachileik News Agency ကို ပြောသည်။
ယမန်နေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့ကလည်း မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား (၁၀၀)ဦး ဝန်းကျင်ကို ရေကြောင်း ဖလက်အမြန်ယာဉ်များဖြင့် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးများစွာယူကာ ထောင်ပြောင်းရွှေ့ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#TachileikNewsAgency