ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ တိုက်ခိုက်နေသော စစ်ကောင်စီတပ်မှ ဗိုလ်မှူများနှင့် အလိုတူ အလိုပါ ပူးပေါင်းသူများအား အပြစ်ပေး စီရင်ကာ သက်သေပြနိုင်သည့် မည်သည့် အဖွဲ့အစည်းကိုမဆို ကျပ်သိန်း(၅၀၀)တန်ဖိုးရှိ မြေတကွက် ချီးမြှင့်သွားမည်ဖြစ်ကြောင်း CDF က သတင်းထုတ်ပြန်ကာ ကြေညာထားသည်။
ဇန်နဝါရီလ၏ ပထမအပတ်မှစတင်၍ အကြမ်းဖက်စစ်ကောင်စီသည် မင်းတပ်မြို့နယ်ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ အပြစ်မဲ့ ပြည်သူများအား ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိနေပြီ အဆိုပါ တိုက်ခိုက်မှုများတွင် ပြည်သူအိုးအိမ် ပျက်စီးမှုများစွာနှင့် အပြစ်မဲ့ပြည်သူသေဆုံးမှုများ ရှိလာနေသောကြောင့် လာရောက်တိုက်ခိုက်လျက်ရှိသည့် စစ်ကောင်စီ Pilot (လေယာဉ်မောင်းသူ) များအား CDF - MINDAT အနေဖြင့် စုံစမ်းဖော်ထုတ်လျက်ရှိသည်။
စုံစမ်းမှုအရ မင်းတပ်မြို့နယ် ပန်းပါကျေးရွာ ဂျက်ဖိုက်တာ ၂ စင်းဖြင့် တိုက်ခိုက်သည့် Pilot (လေယာဉ်မောင်းသူ) ( ၂ ) ဦးမှာ ဗိုလ်မှူး နေဝင်းကျော် နှင့် ဗိုလ်မှူး သက်လင်းမောင်တို့ ဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အထူးအားကိုးသည့် Pilot (လေယာဉ်မောင်းသူ)များဖြစ်ကြောင်း ကြားသိရသည်ဟု ဆိုသည်။
ထို Pilot (လေယာဉ်မောင်းသူ) ၂ ဦးမှာ Yak အုပ် စစ်ဆင်ရေး တံတားဦး၊ နေပြည်တော်၊ မှော်ဘီ (၃)နေရာ ဦးဆောင်လျက်ရှိသည့် ဒုဗိုလ်မှူးကြီး ရဲဇော်နိုင် အုပ်ချုပ်မှု လက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။