မိုးမိတ်မြို့ကို အုပ်ချုပ်ရေးလုပ်ငန်းများစတင်ဟု TNLA ထုတ်ပြန်

မိုးမိတ်မြို့ကို အုပ်ချုပ်ရေးလုပ်ငန်းများစတင်ဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) သိမ်းပိုက်ထားသည့် မိုးမိတ်မြို့တွင်း အုပ်ချုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း TNLA က ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မိုးမိတ်မြို့အား ဇူလိုင်လ (၃၁)ရက်နေ့တွင်  TNLAက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ကာ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ပြီးတစ်ပတ်အကြာတွင် ပုံမှန်လည်ပတ်နေပြီဟု သိရသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင် သိမ်းပိုက်ရရှိသည့် မိုးမိတ်နှင့် မိုးကုတ်မြို့သို့ TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပ္လါင် ဇူလိုင်လ (၁)ရက်နေ့မှ (၃)ရက်နေ့အထိ သွားရောက်စစ်ဆေးခဲ့သည်။

TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပ္လါင်အပြင် ဒုစစ်ဦးစီးချုပ် တားမုံကျော့၊ စစ်ဦးစီးမှူး၊ တပ်မဟာမှူးတို့လည်း အတူလိုက်ပါခဲ့ကြသည်ဟု ဆိုသည်။

၎င်းတို့သည် မိုးမိတ်မြို့နှင့် မိုးကုတ်မြို့တို့ရှိ ပြည်သူများကို တွေ့ဆုံခဲ့ပြီး ရှေ့တန်းတိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်များအား သွားရောက်အားပေးစကားပြောခဲ့သည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo : PSLF/TNLA News