ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာမှ ကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လမ်းတွင် ပစ်ခတ်တိုက်ခိုက်ခံရ

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာမှ ကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လမ်းတွင် ပစ်ခတ်တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာမှ ထွက်လာသည့် စစ်ကောင်စီကားကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လမ်းတွင် ပစ်ခတ်တိုက်ခိုက်ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာမှ ဇဟာရွာသို့ VIGO ကားဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦးကို စက်တင်ဘာလ (၂၆) ရက်နေ့ နေ့လယ် (၁) နာရီဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီကားသည် မှန်များကြေမွပြီး ရပ်တန့်မှုမရဘဲ ထွက်ပြေးသွားခဲ့ကာ အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု ပြန်လည်သိရှိရကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဘီလုံးပြောက်ကျား တပ်ဖွဲ့ ၊ ကျားသစ်နက်အဖွဲ့နှင့် Eastern Defense Force(EDF) တို့မှ အတူပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နေသည့် အချိန်ဖြစ်သည့်အတွက် ထားဝယ်ခရိုင်အတွင်း ပြည်သူများအနေဖြင့် စစ်ရေးအထူး သတိပြုသွားလာကြပါရန် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) က တိုက်တွန်းအသိပေးထားသည်။

#TachileikNewsAgency

Photo : DNLA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)