မတူပီမြို့သိမ်းတိုက်ပွဲတွင် လေယာဉ်ပစ်နှစ်လက်အပါ လက်နက်များစွာရဟု ထုတ်ပြန် 

မတူပီမြို့သိမ်းတိုက်ပွဲတွင် လေယာဉ်ပစ်နှစ်လက်အပါ လက်နက်များစွာရဟု ထုတ်ပြန် 

ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ မတူပီအခြေစိုက်ဗျူဟာနှင့် ခမရ(၃၀၄)၊ ခလရ(၁၄၀)တို့မှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် ထုတ်ပြန်သည်။

သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများမှာ ဟောင်ဝပ်ဇာအမြောက်၊ 14.5 ZPU လေယာဉ်ပစ် စက်သေနတ်ကြီးနှစ်လက်၊ အခြားလက်နက်ကြီး လက်နက်ငယ်များနှင့်အတူ ခဲယမ်းမီးကျောက်အမြောက်အများသိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ဖော်ပြရန် ကျန်ရှိနေသေးသော လက်နက်ခဲယမ်းများကိုလည်း ထပ်မံထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်ဟု ဆိုသည်။

ချင်းညီနောင်စစ်ဆင်ရေး Operation CB အဖြစ် မတူပီမြို့သိမ်းတိုက်ပွဲကို ဇွန်လ (၉) ရက်နေ့ မနက်ပိုင်းတွင် ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် အာရက္ခတပ်တော် (AA)၊ Yaw Army (YA) နှင့် Yaw Defense Force (YDF)တို့ အတူပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့တွင် မတူပီမြို့အား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: Chin Defence Force -Kanpetlet