လားရှိုးမြို့ရှိ အရေးပေါ်လိုအပ်နေသောနေရာများနှင့် စက်ရုံအချို့ကို MNDAA လျှပ်စစ်မီးပေးဝေ

လားရှိုးမြို့ရှိ အရေးပေါ်လိုအပ်နေသောနေရာများနှင့် စက်ရုံအချို့ကို MNDAA လျှပ်စစ်မီးပေးဝေ
စက်တင်ဘာ 7, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ  အရေးပေါ်လိုအပ်နေသောနေရာများနှင့် စက်ရုံအချို့ကို  ၂၀၂၄ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင် လျှပ်စစ်မီးပြန်လည်ပေးဝေနိုင်ပြီဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့(MNDAA)က သတင်းထုတ်ပြန်သည်။

MNDAA သည် လားရှိုးမြို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို လုပ်ဆောင်နေရာ ကျန်းမာရေး၊ ဆက်သွယ်ရေး ကွန်ရက်များအား ပြန်လည်ရရှိရန်လုပ်ဆောင်ပေးခဲ့ပြီးနောက် ယခုတွင် တိုက်ပွဲအတွင်း ပျက်စီးသွားသော လျှပ်စစ်ဓာတ်အားပေးစက်များနှင့် အဆောက်အဦးများကို တစ်လကျော်ကြာပြုပြင်ပေးခဲ့ရာ လားရှိုးမြို့ နေရာတချို့တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေပြီဟု ဆိုသည်။ 

တိုက်ပွဲအတွင်း ဓာတ်အားလိုင်းအများအပြား ပျက်စီးခဲ့ပြီး မရှင်းလင်းရသေးသဖြင့် လက်ရှိတွင် လျှပ်စစ်ဓာတ်အားကို အရေးပေါ်လိုအပ်နေသောနေရာများနှင့် စက်ရုံအချို့အား ပထမဆုံး ဓာတ်အားပေးဝေနိုင်ပြီဖြစ်သည်ဟု သိရသည်။

နောက်တစ်ဆင့်တွင် သက်ဆိုင်ရာဌာနများသည် ဓာတ်အားဖြန့်ဖြူးရေးဧရိယာကို ဖြည်းဖြည်းချင်း ချဲ့ထွင်ပြီး ဓာတ်အားသုံးစွဲမှု အခြေအနေအပေါ် အခြေခံ၍ မြို့ပြဧရိယာနေထိုင်သူများနှင့် ဓာတ်အားများအမြန်ဆုံး သုံးစွဲနိုင်စေရန်နှင့် လျှပ်စစ်ဓာတ်အား အပြည့်အဝပြန်လည်ရရှိစေရန်အတွက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: 果敢资讯网