ချောင်းဦးမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ချောင်းဦးမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့ရှိ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Sagaing District Drone Force-SDDF ထံမှ သိရသည်။

ချောင်းဦးမြို့ရှိ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအား ၂၀၂၄ခုနှစ် ဇွန်လ (၁၁) ရက်နေ့ မနက် (၈) နာရီမှ စတင်ပြီး (၄၅) မိနစ်ခန့်ကြာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone ဖြင့် 1.5kg AIR BOMB (၁၀) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဇွန်လ(၁၂)ရက်နေ့တွင် သထင်းထုတ်ပြန်သည်။

ထို့နောက် ချောင်းဦးမြို့နယ် ငါးယှန်ရွာရှိ စစ်တပ်၊ ရဲနှင့် ပျူစောထီးများ အခြေချနေထိုင်သည့် စစ်ကောင်စီဂိတ်စခန်းအား ဇွန်လ (၁၁) ရက်နေ့ ညနေ (၆) နာရီမှ စတင်ပြီး နာရီဝတ်ခန့်ကြာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone ဖြင့် 1.5kg AIR BOMB (၄)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Sagaing District Drone Force-SDDF မှ ဆိုသည်။

တိုက်ခိုက်မှုများကို Sagaing District Drone Force-SDDF အဖွဲ့နှင့်အတူ စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း Chaung U People Defence Force - CHU PDF၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း ၊ URBAN HUNTER FORCE(UHF)၊ Meikhtila Special defence Force အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency