နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်

နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ကြောင်း မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်း-NRDF မှ ၂၀၂၄ခုနှစ် ဇွန်လ (၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နွားထိုးကြီးမြို့နယ် နဘဲသာရွာမြောက်ထိပ်မှ မာန်လည်ရွာသို့ ချီတက်လာသည့် အင်အား (၄၀) ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဇွန်လ (၃) ရက်နေ့ နံနက် (၈) နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဒရုန်းဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်နှင့် အမြောက်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကာ နှစ်ဖက်တပ်ဖွဲ့အကြား (၃) နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း-NRDF မှ ဆိုသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း၊ မြင်းခြံခရိုင် ပကဖ၊ တောင်သာမြို့နယ် ပကဖ၊ မလှိုင်မြို့နယ် ပကဖနှင့် မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်း-NRDFတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency