မုံရွာတွင် ပြည်သူ့စစ်များအား စစ်သင်တန်းပေးနေသည့် ဒုတပ်ကြပ် စန်းချစ်နိုင်ကို ပလဖ ဖမ်းဆီး

မုံရွာတွင် ပြည်သူ့စစ်များအား စစ်သင်တန်းပေးနေသည့် ဒုတပ်ကြပ် စန်းချစ်နိုင်ကို ပလဖ ဖမ်းဆီး

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ပြည်သူ့စစ်များအား စစ်သင်တန်းပေးနေသည့် ဒုတပ်ကြပ် စန်းချစ်နိုင် ဆိုသူကို မုံရွာမြို့နယ် ပလဖက ဖမ်းဆီးရမိထားကြောင်း သိရသည်။

မုံရွာမြို့ ခမရ(၉၂၅)တွင် ဒုတပ်ကြပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေပြီး ပြည်သူ့စစ်များကို သင်တန်းပေးနေသော ဒုတပ်ကြပ် စန်းချစ်နိုင်ကို မုံရွာမြို့နယ် ပလဖ ဒုတာဝန်ခံ ကိုသီဟနှင့် ရပ်ကျေးပလဖတို့က ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု မုံရွာ ပလဖက ယနေ့ ၂၀၂၄ ခုနှစ် မေလ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အသေးစိတ် သိရှိနိုင်ရန် Tachileik News Agency က မုံရွာပလဖထံ ဆက်သွယ်ထားဆဲဖြစ်သည်။

မေလ(၁၉)ရက်နေ့ကလည်း ‌မုံရွာပင်မသပိတ်ခေါင်းဆောင် ဝေမိုးနိုင်ဖမ်းဆီးခံရမှုတွင် အဓိကသတင်းပေးခဲ့သူ၊ ငွေကြေးချမ်းသာသူများအားပစ်မှတ်ထား၍ ဖမ်းဆီးငွေညှစ်နေသူ၊ NLD လွှတ်တော်အမတ် ဦးမောင်တာဦး ဖမ်းဆီးရန် သတင်းပေးခဲ့သည့် ရဲအရာခံ ဝင်းနိုင် ကို မုံရွာပလဖက ဖမ်းဆီးရမိခဲ့သည်။

၎င်းအား မုံရွာမြို့နယ် ပလဖ ဒုတာဝန်ခံကိုသီဟနှင့် ရပ်ကျေးပလဖ ဒုတာဝန်ခံတို့က  မုံရွာမြို့အတွင်းထိ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ - မြို့နယ် ပ.လ.ဖ