ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့မှ နိုဝင်ဘာလ (၁၂)ရက်နေ့အထိ ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီးကို ထိမှန်အောင်ပစ်ခတ်ပြီး စစ်ကောင်စီတပ်သား (၆)ဦးကို အရှင်ဖမ်းဆီးရမိကာ (၁၇)ဦးလက်နက်ချကြောင်း CDF ဟားခါးက ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်နှင့် CDF ဟားခါးတို့အကြား (၄)လအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ Mi-17 ရဟတ်ယာဉ်အမြီးပိုင်းကို ထိမှန်အောင် ပစ်ခတ်ဖျက်စီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား (၅၃)ဦးသေကာ (၆)ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အပြင် ရဲ(၁၃)ဦးနှင့် စစ်ကောင်စီတပ်သား (၄)ဦး စုစုပေါင်း(၁၇)ဦးမှာ CDF ဟားခါးထံ လက်နက်ချအလင်းဝင်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ သေနတ် (၄၃)လက် သိမ်းဆည်းရရှိသည်ဟု သိရသည်။
CDM ပြုလုပ်သူများထံမှ သေနတ်(၉)လက်လည်းရရှိခဲ့ပြီး (၆၀)မမ၊ MA-15 နှင့် M-79 အပါအဝင် စုစုပေါင်း လက်နက် (၅၂)လက်ကို ရရှိခဲ့သည်ဟု သိရသည်။
ထို့အပြင် ထန်တလန်မြို့တွင် ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့များ၏ မြို့သိမ်းစစ်ဆင်ရေး ဆောင်ရွက်နေမှုကို စစ်ကောင်စီတပ်များ စစ်ကူမသွားနိုင်ရန် ဟားခါး-ထန်တလန်ကြား လမ်းပိုင်းတွင် (၈၂)ရက်ကြာ တားဆီးပိတ်ပင်နိုင်ခဲ့ကြောင်း CDF ဟားခါးက ထုတ်ပြန်သည်။
#TachileikNewsAgency
Photo: စစ်ကောင်စီတပ်သားများကို ဖမ်းဆီးရမိခဲ့စဥ် (ပုံဟောင်း)