စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့အထွက်ရှိ မြပုလဲ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ကြောင်း 5/ Commando Force အဖွဲ့ ထံမှ သိရသည်။
ချောင်းဦးမြို့အထွက်ရှိ မြပုလဲ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများဖြင့် M9 ၊ ERO၊ Drop Bomb နှင့် လက်လုပ် အီနာကာ ဗုံးသီးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြပုလဲစစ်ဆေးရေးဂိတ်သည် မုံရွာ-မန္တလေး လမ်းမပေါ်တွင် ပြည်သူများကို ဆက်ကြေးကောက် ပေါ်တာဆွဲခြင်းများ နေ့စဉ်ပြုလုပ်လျှက်ရှိသဖြင့် ဒရုန်းများဖြင့် တိကျစွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း 5/ Commando Force အဖွဲ့က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၉) တပ်ရင်း FRF 2၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၂၃) တပ်ခွဲ ၂ ၊ Tiger Brothers people's Defence Force နှင့် BLDF အညာမိုင်း အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo:5/ Commando Force