ချင်းပြည်နယ် တွန်းဇံမြို့ အ.ထ.က ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို CDF-Tonzangက ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား (၂)ဦးသေကာ သေနတ်တစ်လက်နက်နှင့် (၆၀)မမတစ်လက်ကို သိမ်းဆည်းရရှိခဲ့သည်ဟု CDF-Tonzangထံမှ သိရသည်။
အဆိုပါကျောင်း၌ စစ်ကောင်စီတပ်သား (၅)ဦးဝန်းကျင် တပ်စွဲထားခြင်းဖြစ်ပြီး (၁၅)မိနစ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
#TachileikNewsAgency
Photo :BNI