ဆားလင်းကြီးတွင် ရဲတပ်သားတစ်ဦး လက်နက်နှစ်လက်နှင့် အလင်းဝင်

ဆားလင်းကြီးတွင် ရဲတပ်သားတစ်ဦး လက်နက်နှစ်လက်နှင့် အလင်းဝင်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်(၂)လက်နှင့်အတူ ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့က အလင်းဝင်လာကြောင်း ဆားလင်းကြီး သမန်းကျားပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါရဲတပ်သားသည့် ဆားလင်းကြီးရဲစခန်းမှဖြစ်ပြီး G3 တစ်လက်၊ ကျည်ဘောက်(၃)ခု၊ MA 4 တစ်လက်၊ ကျည်ဘောက် (၃)ခု၊ G3 ကျည် (၁၈၁)တောင့်၊ MA 4ကျည် (၅၃၆)တောင့်၊ အီနာဂါဗုံးသီး (၆)လုံး၊ ပို့ကျည် (၉)တောင့်၊ (၄၀)မမ (၂)လုံး၊ လက်ပစ်ဗုံးတစ်လုံး၊ Icon တစ်လုံး၊ ဓားမြောင်တစ်လက်၊ ကျည်ကာတစ်ထည်တို့ နှင့်အတူ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းရဲတပ်သားကို ဆုကြေးငွေ ကျပ်သိန်း(၅၀)ချီးမြှင့်ပေးမည်ဖြစ်ပြီး ငွေအခက်အခဲဖြစ်နေသဖြင့် ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency