စခန်းသိမ်းတိုက်ပွဲ အောင်ပွဲရလာသည့် KNLA နှင့် PDFပူးပေါင်းတပ်ဖွဲ့အား ပြည်သူလူထုက ဂုဏ်ပြုကြိုဆို

Photo: KNU
Photo: KNU
စခန်းသိမ်းတိုက်ပွဲ အောင်ပွဲရလာသည့် KNLA နှင့် PDFပူးပေါင်းတပ်ဖွဲ့အား ပြည်သူလူထုက ဂုဏ်ပြုကြိုဆို
ဒီဇင်ဘာ 18, 2021 | အခြားဒေသများ

KNU သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ် BGFစခန်းသိမ်းတိုက်ပွဲမှ အောင်ပွဲဖြင့်ပြန်လာသော ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ကို ပြည်သူလူထုမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့က ပန်းကုံးများ၊ သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုကြကြောင်း သိရသည်။

ဘီးလင်းမြို့နယ်ရှိ ကြသောင်းဆိပ်ကျေးရွာမှ BGF-၁၀၁၃ တပ်စခန်းအား ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ (၁)၊ တပ်ရင်း(၁)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၇ ရက်နေ့က (၁၅)နာရီခွဲကြာ တိုက်ခိုက်ပြီးနောက် စခန်းကို သိမ်းယူနိုင်ခဲ့ကြခြင်းဖြစ်သည်။