အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းပေါရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းပေါရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်
နိုဝင်ဘာ 25, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ် ရှိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် (၁)စစ်ဒေသထံမှ သိရသည်။

အင်အား (၃၀)ဝန်းကျင်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ယင်းမာပင်ခရိုင် တပ်ရင်း(၂)နှင့် ကနီမြို့နယ် ပကဖတို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တပ်စခန်းကုန်းအား နိုဝင်ဘာလ (၂၂)ရက်တွင် တစ်ကြိမ် တိုက်ခိုက်ရာ အခွင့်မသာသဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့ရပြီး နိုဝင်ဘာလ (၂၃) ရက်တွင် ထပ်မံတိုက်ခိုက်ရာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရကာ ကာကွယ်ရေးတပ်ဘက်က ရဲဘော် (၃)ဦး  ကျဆုံးခဲ့ပြီး လက်နက်ငယ်တစ်လက်၊ ကျည်မျိုးစုံ (၂၅၀၀)ကျော်၊ ဗုံးသီး (၁၀၇)လုံး၊ Equipment (၁)ခု၊ ကျည်အိမ် (၂)ခု၊ မိုင်း (၁၆)လုံး၊ အီနာဂါ (၄)လုံးနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : အမှတ်-၁ စစ်ဒေသ