မင်းကင်းမြို့နယ် EPC ရုံးစောင့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ သေနက်တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

မင်းကင်းမြို့နယ် EPC ရုံးစောင့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ သေနက်တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ
စက်တင်ဘာ 6, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် လမ်းဆုံလျှပ်စစ်(EPC)ရုံးစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်တစ်လက်နှင့် ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂)ဦး သေဆုံးပြီး ကာဘိုင် M2 (၁)လက်၊ ၅.၅၆ ကျည် (၃၂၆)တောင့်၊ ပွိုင့်(၃၀)ကျည်  (၃၃၉)တောင့်၊ MA ကျည်ဘောက် (၅)ခု၊ ဗုံးသီး (၁)လုံး၊ ငွေ(၆၅၄,၉၀၀)ကျပ်နှင့် ဆိုင်ကယ် (၄)စီးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း S.R.Fက သတင်းထုတ်ပြန်ထားသည်။   

တိုက်ခိုက်မှုကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)၊ ရင်း(၂) ခွဲ(၂)၊ တိမ်လွှာဒေါင်းမင်း(ပ.က.ဖ)၊ မင်းကင်းမြို့နယ်(ပ.က.ဖ)၊ Wolf Fighterနှင့် LDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency