ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင်းဆီပန်းပွင့် ကိုးရာဖြင့် ပန်းသပိတ်လှုပ်ရှားမှုတွင် Zero ပြောက်ကျားတပ်ဖွဲ့ပါဝင်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင်းဆီပန်းပွင့် ကိုးရာဖြင့် ပန်းသပိတ်လှုပ်ရှားမှုတွင် Zero ပြောက်ကျားတပ်ဖွဲ့ပါဝင်

ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၈)နှစ်ပြည့်မွေးနေ့အတွက် Zero ပြောက်ကျားတပ်ဖွဲ့ မြင်းခြံခရိုင် တပ်ရင်း(၇)မှ နှင်းဆီပန်းပွင့်(၉၀၀)ဖြင့် ပန်းသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။



ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မဖမ်းဆီးခံထားရသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ၊ နိုင်ငံရေးအကျဉ်းသားများနှင့် တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာထမ်းရွက်ခဲ့ကြသည့် အမျိုးသမီးထု၏ ဂုဏ်ရည်ကို ရည်ညွှန်းသောအားဖြင့် နှင်းဆီပန်းပွင့်(၉၀၀)နှင့် ပန်းသပိတ်လှုပ်ရှားမှုပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။



#TachileikNewsAgency

Photo : Zero ပြောက်ကျားတပ်ဖွဲ့ မြင်းခြံခရိုင် တပ်ရင်း(၇)