ဝေါမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီ ထောင်တွင်း၌ ကွယ်လွန်

ဝေါမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီ ထောင်တွင်း၌ ကွယ်လွန်

ပဲခူးတိုင်း ဝေါမြို့နယ်၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီ ထောင်တွင်း၌ အူမကြီးကင်ဆာဖြင့် ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့က ကွယ်လွန်သွားကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီ အသက်(၇၂)နှစ်သည် KNLA တပ်မဟာ(၁)နယ်မြေ၌ လှုပ်ရှားစဥ် ၂၀၂၁ခုနှစ် ဇွန်လအတွင်းက ဖမ်းဆီးခံလိုက်ရကာ ပုဒ်မ(၅၀၅)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ် မတရားအမိန့် ချမှတ်ခံထားရသူဖြစ်သည်။

ထို့နောက် ကျန်အမှုများကို အမှုရင်ဆိုင်နေစဥ် ဇူလိုင်လ (၁၇)ရက်နေ့တွင် ထောင်ဆေးရုံ၌ အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

#TachileikNewsAgency