မွန်ပြည်နယ် ရေးမြို့နယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီး၌ KNLA၊ S.O.Fနှင့် ရေးဘီလူး ပူးပေါင်းစစ်ကြောင်းတို့က နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးအရ စစ်ဆေးမှုများကို ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် (အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးပေါ်) မော်တော်ယာဉ်များ သွားလာမှုနှင့်ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ခုနှစ် ဇွန်လ(၁၈)ရက်နေ့က စတင်၍ စစ်ဆေးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ (၁၈)ရက်နေ့က ပြည်ထောင်စုလမ်းမကြီးပေါ်စစ်ဆေးစဉ် စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွှယ်သူ (၄)ဦးကို ဖမ်းဆီးရမိခဲ့ပြီး အရေးယူနိုင်ရေး ဆောင်ရွက်ထားသည်ဟု သိရသည်။
KNLAတပ်ရင်း ၂၇၊ S.O.Fနှင့် PDF ပူးပေါင်းစစ်ကြောင်းများသည် ဇွန်လ(၂၀)ရက်နေ့ကလည်း မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမတလျှောက် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေချိန် စစ်ကောင်စီလက်အောက်ခံ (၃၁၇) အမြှောက်တပ်က (၈၁)မမ ဖြင့် (၅)ချက် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရာဘာခြံအတွင်း (၃)လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ(၁၀)ရက်နေ့ကတည်းက KNLA တပ်ရင်း(၂၇)သည် ပြည်ထောင်စုလမ်းမကြီးတလျှောက် သွားလာနေကြသည့်ကားများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအပါအဝင် စစ်အင်အားတိုးချဲ့သည့် လူနှင့် ပစ္စည်းများ သယ်ဆောင်လာပါက အရေးယူမည်ဟု ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo : အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
ရေးမြို့နယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီး၌ ပူးပေါင်းတပ်များ စစ်ဆေးရေးပြုလုပ်
Featured News
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 3, 2025
ဒီဇင်ဘာ 26, 2024
ဒီဇင်ဘာ 26, 2024