ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုး အလုပ်နှင့် ထောင်ဒဏ်  (၁၀)နှစ်ချခံရ

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုး အလုပ်နှင့် ထောင်ဒဏ်  (၁၀)နှစ်ချခံရ

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုဥက္ကဌ ကိုထက်ပိုင်စိုးကို စစ်ကောင်စီက ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၃၀)ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

တတိယနှစ် စာရင်းအင်းပညာကျောင်းသား ကိုထက်ပိုင်စိုးသည် ပြီးခဲ့သည့်နှစ် ဧပြီလ (၂၁)ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် စစ်ကောင်စီက ပုဒ်မ ၅၀(ည)ဖြင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရုံးတင်တရားစွဲဆိုခံခဲ့ရကာ တရားရင်ဆိုင်ချိန်တွင်လည်း ဖိနှိပ်မှုနှင့် ခြိမ်းခြောက်မှုများအား ရင်ဆိုင်ခဲ့ရသည်ဟု သိရသည်။

တရားစွဲဆိုခံရချိန် တစ်နှစ်နှင့်နှစ်လကျော်ပြီးနောက် အမိန့်ချမှတ်ရာတွင် အရပ်ဘက်တရားရုံးများတွင် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်(ချုပ်ရက်ခံစားခွင့်ရှိ)ကို အမှုတွဲဖြစ်သူ မနွေးရတီတိုးနှင့်အတူ ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Alliance of Students' Unions Yangon-တကသများ ရန်ကုန်