ဒီပဲယင်းမြို့ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသည့် ရဲစခန်းနှင့် စာရင်းစစ်ရုံးတို့အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ဒီပဲယင်းမြို့ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသည့် ရဲစခန်းနှင့် စာရင်းစစ်ရုံးတို့အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ရေဦးခရိုင် ဒီပဲယင်းမြို့ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသည့် ရဲစခန်းနှင့် စာရင်းစစ်ရုံးတို့အား ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ၊ ရေဦး PDF မှ Fixed Wing Drone များဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဒီပဲယင်းမြို့ ရဲစခန်းနှင့် စာရင်းစစ်ရုံးတို့အား ဇွန်လ (၅) ရက်နေ့ မနက် (၁၁) နာရီတွင် Fixed Wing Drone များဖြင့် ဗုံးသီး (၆) လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေကြောင်း ရေဦး PDF မှ ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်သားများမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၃)ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် ရေဦးမြို့ တိုင်းရင်းဆေးရုံ စစ်ကောင်စီစခန်းအား ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ၊ ရေဦး PDFမှ Fixed Wing Droneများဖြင့် ဗုံးသီး (၆)လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ ရေဦးမြို့နယ်အခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: ရွှေဘိုခရိုင်တပ်ရင်း-၁၄ /YEU PDF