လှိုင်သာယာရှိ စစ်ကောင်စီတပ်အနီးတွင် စစ်ကောင်စီပတ်ကင်း မိုင်းခွဲခံရ

လှိုင်သာယာရှိ စစ်ကောင်စီတပ်အနီးတွင် စစ်ကောင်စီပတ်ကင်း မိုင်းခွဲခံရ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စစ်ကောင်စီတပ်အနီးတွင် လုံခြုံရေးကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို GOD’S HAND FORCES အဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်လမ်း အဆင့်မြင့်မှတ်တိုင်နှင့် ဗိုလ်ချုပ်မှတ်တိုင်အကြားတွင် စစ်ကောင်စီတပ်၏ ပတ်ကင်းယာဉ်တန်းကို GOD’S HAND FORCES အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“တိုက်ခိုက်ခံရတဲ့နေရာက ဘုရင့်နောင်တံတားအဆင်းက ခမရ(၅၃၂)တပ်ရင်းနဲ့ နီးတယ်။ နဝဒေးအိမ်ရာမရောက်ခင်လေးမှာ တိုက်ခိုက်ခံရတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိ၊ မရှိကိုမူ မသိရသေးပါ။

အဆိုပါ တိုက်ခိုက်မှုသည် M 043 စစ်ဆင်ရေး ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး စတုတ္ထမြောက် ဖော်ဆောင်မှုဖြစ်ပြီး အများပြည်သူအနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော ထောက်တိုင်များ၊ လုပ်ငန်းဌာနများ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ၊ လှည့်ကင်းများနှင့် ဝေးရာမှရှောင်ရှားသွားလာကြရန် မေတ္တာရပ်ခံကြောင်း GOD’S HAND FORCES အဖွဲ့က ထုတ်ပြန်ထားသည်။

#TachileikNewsAgency