ကလေးဝမြို့နယ်အတွင်းရှိ  "မစိန် နယ်မြေရဲစခန်း"ကို PDF က တိုက်ခိုက်သိမ်းပိုက်ရာ ရဲ (၇)ဦး သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 

ကလေးဝမြို့နယ်အတွင်းရှိ  "မစိန် နယ်မြေရဲစခန်း"ကို PDF က တိုက်ခိုက်သိမ်းပိုက်ရာ ရဲ (၇)ဦး သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 
စက်တင်ဘာ 20, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ မစိန်ကျေးရွာရှိ မစိန်နယ်မြေရဲစခန်းအား အလစ်အငိုက် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲ (၇)သေပြီး လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း People's Defence Force - Kalewa က ယနေ့ ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါရဲစခန်းကို  စက်တင်ဘာလ (၁၈)ရက်နေ့က PDF - Kalewa တပ်ဖွဲ့ဝင်များမှ စီးနင်း သိမ်းပိုက်နိုင်ခဲ့ပြီး ရဲအချို့မှာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာဖြင့် ထွက်ပြေးသွားခဲ့ကြကာ PDFတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက် အကျအဆုံးမရှိခဲ့ဘဲ စခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်း တိုက်ပွဲမှ စစ်ကောင်စီအကြမ်းဖက်အဖွဲဝင်များ၏ G3 သေနတ် (၅)လက် ၊ Uzi သေနတ် (၂)လက် ၊ M79 လောင်ချာ (၁)လက် ၊ လက်ပစ်မိုင်း (၃)လုံး ၊7.62ကျည် (၂၉၇)တောင့် ၊ Uzi ကျည် (၁၄၉)တောင့် ၊ 125ဆိုင်ကယ် (၄)စီး ၊ ဆက်သွယ်ရေးအထိုင်စက် (၂)လုံး ၊ ဆက်သွယ်ရေးစကားပြောစက် (၃)လုံး ၊ ဖုန်း (၁၀)လုံး ၊ Power bank (၁)လုံး ၊ Laptop (၁)လုံး ၊ ပိုက်ဆံအိတ် (၂)လုံး ၊ ပိုက်ဆံ (၁၃၀၀၀ ) ကျပ် ၊လက်ထိပ်(၂)ခု ၊ရွှေဆွဲကြိုး (၁)ကုံး ၊ကျောပိုးအိတ် (၁)လုံး ၊ ဘေးလွယ်အိတ် ( ၃ )လုံး ၊ ဓား (၁)ချောင်း နှင့် Equipment (၁)ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ဒေသခံ မျိုးသမီးတစ်ဦး ထိခိုက်သေဆုံးသွားကြောင်း ကြားသိရသည့်အတွက် သဖြင့်  People's Defence Force - Kalewa တပ်ရင်းမှ အထူးစိတ်မကောင်း ဝမ်းနည်းဖြစ်ရကြောင်း ထုတ်ပြန်ထားသည်။

Photo: PDF KALEWA