စစ်ကောင်စီ သင်္ဘာ ၆ စင်း မင်းကင်းမြို့နယ်အတွင်း တိုက်ခိုက်ခံရ

စစ်ကောင်စီ သင်္ဘာ ၆ စင်း မင်းကင်းမြို့နယ်အတွင်း တိုက်ခိုက်ခံရ
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ မင်းကင်းမြိုနယ်အတွင်း ကလေး၀ဆိပ်ကမ်းမှ ရေကြောင်းဖြင့် စုန်ဆင်းလာသော အာဏာသိမ်းစစ်ကောင်စီ၏ သင်္ဘော (၆)စင်းကို ယနေ့မေလ(၂၁)ရက်၊ မနက်ပိုင်းက ဒေသကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ရာ သင်္ဘောတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သားများသေဆုံးမှုရှိကြောင်း မင်းကင်း PDF က ထုတ်ပြန်သည်။



အဆိုပါ သင်္ဘော (၆)စင်းဖြင့် စစ်ကောင်စီတပ်သားများသည် မင်းကင်းမြို့နယ် မြစ်ရိုးအထက် ကျေးရွာများဖြစ်သည့် တရာ၊ ရွာဘ၊ ရှမ်းတောရွာများကို မေလ (၂၀)ရက်က မီးရှို့ဖျက်ဆီးခဲ့ကာ စုန်ဆင်းလာခြင်းဖြစ်ကြောင်း မင်းကင်း PDF က ဆိုသည်။



ထို သင်္ဘော (၆)စင်းကို မေလ (၂၁)ရက် (၉)နာရီခွဲဝန်းကျင်တွင် မင်းကင်းမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၃)က ရေမြှုပ်မိုင်းများ၊ လက်နက်ကြီးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ထိုတိုက်ခိုက်မှုကြောင့် သင်္ဘောတစ်စီး ၀မ်းပေါက်သွားပြီး ထိုတစ်စင်းမှာ နှင်းကြီးတွင် ဆိုက်ကပ်ထားရသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်၏ စနိုက်ပါ(၂)ဦးမှာလည်း သေဆုံးသည်ဟု သိရသည်။



မေလ(၈)ရက်ကလည်း အထက်ကသာကျေးရွာအနီး ပျူ‌စောထီများ၊ စစ်ကောင်စီတပ်များနှင့်  တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီး (၂) ဦး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ရဲဘော် (၁)ဦးကျဆုံးခဲ့ရသည်။