ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင် ပါတီဝင် (၁၆)ဦး ပိတ်မိနေ
ရန်ကုန်မြို့ရှိ NLD ရုံးချုပ်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့ နေ့လယ်ပိုင်း၌ အင်အားဖြင့် ပိတ်ဆို့လိုက်ရာ ရုံးချုပ်အတွင်း၌ ပါတီတာဝန်ရှိသူ (၁၆) ဦး ပိတ်မိနေသည်။
ရုံးအတွင်း၌ ဦးဘမျိုးသိန်း၊ ဦးစိုးလေး၊ ဒေါ်ခင်စန်းလှိုင်၊ မသန္တာ(အိမ်မဲ)၊ ရှေ့နေ ဦးမောင်မောင်၊ မကြူသန်း (ကျင်)၊ မအိရွှေစင်၊ မဝေ၊ အသေးလေး၊ ကိုရဲမင်းသိန်း၊ ဗလ၊ မကြူစန်း၊ ကိုထွန်းထွန်း၊ ဆလိုင်းရောင်၊ ငြိမ်းဇော်ထွန်းနှင့် ကိုစန်းကိုတို့ ရှိနေကြောင်း သိရသည်။
ပြီးသည့်ရွေးကောက်ပွဲ မဲစာရင်းမှားသည်ဟုဆိုကာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်သည့် စစ်တပ်က NLD ရုံးချုပ်ကို ညပိုင်း၌ ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီးနောက် ဒုတိယအကြိမ်အဖြစ် ရဲတပ်ဖွဲ့ဝင်အင်အားကိုပါ အသုံးပြုပြီး နေ့ခင်းပိုင်း၌ ဝိုင်းဝန်းပိတ်ဆို့ခြင်းကို လုပ်ဆောင်လာခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - SLY