တိုင်းရင်းသားတော်လှန်ရေးတပ်များထံ စစ်ပညာသင်ယူပြီး ဧရာဝတီတိုင်းအတွင်းကို ထိုးဖောင်ဝင်ရောက်နေပြီဟု ဧရာဝတီ PDF အမှတ် (၂၉) ဗျူဟာ က ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရန်ရည်ရွယ်၍ တိုင်းရင်းသားမဟာမိတ်နယ်မြေ အသီးသီးတွင်ကျရာအခန်းကဏ္ဍမှနေ၍ ပါဝင်ဆင်နွှဲနေရာ ယခုအခါ မဟာမိတ်များနှင့်အတူ ခြေသံလုံလုံဖြင့် စစ်ရေးအ တွေ့အကြုံများကို လေ့ကျင့်သင်ယူရင်း ဧရာဝတီတိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီဟု ဆိုသည်။
ထို့အပြင် ဧရာဝတီ PDF အမှတ် (၂၉) ဗျူဟာအနေဖြင့် ရဲဘော်သစ်သင်တန်းသားများကို စနစ်တကျ စိစစ်လက်ခံနေသည်ဟုလည်း ဆိုသည်။
ဧရာဝတီဗျူဟာ (၂၉)နှင့်အတူ တိုက်ပွဲဝင်လိုပြီး သတ်မှတ်စည်းမျဥ်းစည်းကမ်း များနှင့်ကိုက်ညီသော အမျိူးသမီး၊ အမျိုးသားများအား ကြိုဆိုလက်ခံနေသည်ဟု ထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ တပ်ဖြစ်သဖြင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့်၊ ညွန် ကြားချက်များအား တိကျစွာလိုက်နာရမည်ဟု လည်း ဆိုသည်။
လက်ရှိတွင် ရခိုင်နှင့် ဧရာဝတီအစပ်ဒေသများ၌ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ် ပွားနေသည်။
ဧရာဝတီ-ရက္ခိုင်အစပ် ဧရာဝတီတိုင်းအတွင်းရှိ အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသော ပွိုင့်(၂၆၃) စခန်းအား စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ (၂၇)ရက်နေ့က လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်ရာ တိုက်ပွဲများ ပြင်းထန်နေသည်ဟု AA က ထုတ်ပြန်သည်။
အာရက္ခတပ်တော်သည် ပွိုင့် (၂၆၃)စခန်းအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၆ )ရက်နေ့တွင် အပြီး သတ်သိမ်းပိုက်ရရှိခဲ့ပြီး ဇန်နဝါရီလ (၂၁ )ရက်နေ့၊ တွင် ပွိုင့် (၃၆၉)စခန်းကို သိမ်းပိုက်ရရှိခဲ့သည်။