ဇွန်လအတွင်း တောင်ငူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၃)ကြိမ်ပစ်ခတ်တိုက်ခိုက်ခံရ

ဇွန်လအတွင်း တောင်ငူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၃)ကြိမ်ပစ်ခတ်တိုက်ခိုက်ခံရ

ပဲခူးတိုင်း တောင်ငူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ကျောက်လုံးကြီးတပ်စခန်းကို ၂၀၂၃ခုနှစ် ဇွန်အတွင်း (၃)ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၀)ဦးထက်မနည်း သေဆုံးကြောင်း KNLAတပ်မဟာ(၂)ထံမှ သိရသည်။



ပြီးခဲ့သည့် ဇွန်လ(၄)ရက်နေ့က KNLA နှင့် PDF ပူးပေါင်းတပ်များ ကျောက်လုံးကြီးတပ်စခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၂)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။



ထို့အပြင် ဇွန်လ(၁၂)ရက်နေ့နှင့် (၂၀)ရက်နေ့တို့တွင်လည်း ထပ်မံပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား (၆)ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ၏ (၇)မိုင်တပ်စခန်း၊ ထုံးဘိုကြီးတပ်စခန်း၊ လိပ်သိုလ်မြို့ (၆၀၃)ဗျူဟာကုန်း တပ်စခန်းတို့မှ လက်နက်ကြီးများ ပစ်ကူပေးခဲ့သည်ဟု သိရသည်။



စစ်ကောင်စီတပ်သည် အထိနာသဖြင့် ဇွန်လ(၂၁)ရက်နေ့တွင် ကျောက်လုံးကြီးတပ်စခန်းမှ ကျောက်လုံးကြီးရွာ၊ ရွာသစ်၊ ကွမ်းပင် စသည့်ရွာများအနီးသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ တိမ်းရှောင်နေကြရသည်ဟု သိရသည်။



#TachileikNewsAgency