ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာရဲစခန်းအား တော်လှန်ရေးတပ်ပေါင်းစုမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာရဲစခန်းအား တော်လှန်ရေးတပ်ပေါင်းစုမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာရဲစခန်းအား တော်လှန်ရေးတပ်ပေါင်းစုမှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ကြောင်း ခန္တီးခရိုင် အမှတ် (၃) တပ်ရင်း HPDF-124 မှ ၂၀၂၄ခုနှစ် သြဂုတ်လ (၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခန္တီးခရိုင် အမှတ် (၃) တပ်ရင်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား ခန္တီးခရိုင် တော်လှန်ရေးတပ်ပေါင်းစုမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency