မကွေးတိုင်းအတွင်း မြို့နယ်များရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် နယ်မြေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရပ်/ကျေး ပ.က.ဖ များကို ခါးချိုး Shoot-Gum များ ထုတ်လုပ်ကာ တပ်ဆင်ပေးနေကြောင်း
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်(ပ.က.ဖ)က ယနေ့ စက်တင်ဘာလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြိုနယ်(ပ.က.ဖ) အနေဖြင့် စစ်ကောင်စီအား ခုခံတိုက်ခိုက်ရင်း မြို့နယ်တွင်း နယ်မြေစိုးမိုးရေး လုပ်ငန်းများအား အလေးပေးဆောင်ရွက်နိုင်ရန် ရပ်/ကျေး ပ.က.ဖ များ ဖွဲစည်းလုပ်ဆောင် နေခြင်းဖြစ်သည်။
အဆိုပါ နယ်မြေလုံခြုံရေးနှင့် ပြည်သူလူထုလုံခြုံရေးအတွက် ခါးချိုး Shoot-Gum များအား ထုတ်လုပ်ကာ ရပ်/ကျေးပ.က.ဖ များအား တပ်ဆင်ပေးနေသည်ဟု ဆိုသည်။
ပြည်သူလူထုလှူဒါန်းငွေများအား ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျအရှိန်မြင့် လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် ဆက်လက်ပါဝင် လှူဒါန်းပေးကြရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် က အသိပေး မေတ္တာရပ်ခံထားရှိသည်။
#TachileikNewsAgency