Sky Villa အဆောက်အဦး အပျက်အစီးများအကြား   ရွှေထည်ပစ္စည်းများ တွေ့ရှိရ၍ ပိုင်ရှင်ပြန်လည်ရရှိနိုင်ရန် ကယ်ဆယ်ရေးအဖွဲ့က သက်ဆိုင်ရာကို အပ်နှံပေးထား

Sky Villa အဆောက်အဦး အပျက်အစီးများအကြား   ရွှေထည်ပစ္စည်းများ တွေ့ရှိရ၍ ပိုင်ရှင်ပြန်လည်ရရှိနိုင်ရန် ကယ်ဆယ်ရေးအဖွဲ့က သက်ဆိုင်ရာကို အပ်နှံပေးထား

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံ  Blue Sky Rescue တို့ ပူးပေါင်းကာ Sky Villa အဆောက်အဦ၏ အပျက်အစီးများအကြား ရှာဖွေမှုများ ပြုလုပ်ချိန် ရွှေထည်ပစ္စည်းများနှင့် Ipad တစ်လုံးတို့ကို တွေ့ရှိရ၍ ပိုင်ရှင်ထံ ပြန်လည်ပေးအပ်နိုင်ရန်အတွက် သက်ဆိုင်ရာကို အပ်နှံပေးထားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)က အသိပေးထားသည်။

Sky Villa ၏ အပျက်အစီးများအကြား ၂၀၂၅ခုနှစ် ဧပြီလ(၇)ရက်နေ့က အဆိုပါ ရွှေထည်ပစ္စည်းများကို‌တွေ့ရှိရခြင်းဖြစ်ပြီး ပိုင်ရှင်မှာ မည်သူဖြစ်သည်ကို မသိရသေး၍ သက်ဆိုင်ရာသို့ အပ်နှံပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ(၁)ရက်နေ့ကလည်း မန္တလေးတွင် အပျက်အစီးများအကြား ရှာဖွေတွေ့ရှိရသည့် ရွှေထည်နှင့် ငွေသားများအား  မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)က ပိုင်ရှင်လက်ထဲသို့ အပ်နှံပေးခဲ့သေးကြောင်းလည်း သိရသည်။