မကွေးတိုင်း၊ ဂန့်ဂေါမြိုနယ်အတွင်း နယ်မြေလာရောက်လေ့လာစုံစမ်းနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်သားနှစ်ဦးကို ဖမ်းဆီးရမိကြောင်း Master People Defence Force-Gangaw က ယနေ့ဧပြီလ(၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
၎င်းတပ်သားနှစ်ဦးမှာ တပ်မ (၂၂)လက်အောက်ခံ ခမရ (၂၀၄)မှ ဖြစ်ပြီး စစ်မှုထမ်း (၄)နှစ်ရှိ တပ်သား သားငယ်(ကိုယ်ပိုင်နံပါတ် (တ) ၅၄၄၈၈၈ )နှင့် စစ်မှုထမ်း(၂)နှစ်ရှိ တပ်သား လပြည့် (ကိုယ်ပိုင်နံပါတ် (တ)၅၆၅၃၆၇ )တို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် အရပ်သားဟန်ဆောင်ကာ လာရောက်စုံစမ်းစဉ် "သခင်" ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ကင်းပုန်းဝပ်နေသည့် တပ်ဖွဲ့ဝင်များနှင့် ဧပြီလ (၂၁)ရက်နေ့က တွေ့ရှိကာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၎င်းတို့ တပ်ဖွဲ့သည် ကလေးမြိုဘက်မှ ဂန့်ဂေါဘက်သို စစ်ကြောင်းထိုးလာရင်း ဟားခါးမြိုနှင့် ဂန့်ဂေါမြိုကြားရှိ ဘုံးဇုန် ကျေးရွာအနီး၌ တပ်စွဲထားခြင်းဖြစ်သည်။
"သခင်" ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များဖြစ်ကြသော ဒေသခံ၊အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပကဖ အဖွဲ့၊ YPDF တပ်ဖွဲ့တို့ဖြင့် ပူးပေါင်းစစ်ဆေး တိုင်ပင်၍ YPDF မှ တာဝန်ယူကာ သက်ဆိုင်ရာ အထက်အဖွဲ့အစည်းထံသို့ လွှဲပြောင်းပေးပိုခဲ့ကြောင်း သိရသည်။
#TachileikNewsAgency