ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ မယ်ဝေ(မဲဝိုင်)တပ်စခန်းအတွက် လေယာဉ်ဖြင့် လာကြဲချသည့် ရိက္ခာများကို KNLA က သိမ်းပိုက်ရရှိ

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ မယ်ဝေ(မဲဝိုင်)တပ်စခန်းအတွက် လေယာဉ်ဖြင့် လာကြဲချသည့် ရိက္ခာများကို KNLA က သိမ်းပိုက်ရရှိ
ဧပြီ 25, 2022 | အခြားဒေသများ

ကရင်ပြည်နယ်၊ KNLA တပ်မဟာ(၅)နယ်မြေရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ မယ်ဝေ(မဲဝိုင်) အခြေစိုက်တပ်စခန်းအတွက် ဧပြီလ(၂၅)ရက်နေ့ ညနေပိုင်းက လေယာဥ်ဖြင့် ရိက္ခာလာကြဲချရာ KNLA က သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

လာကြဲချသည့် ရိက္ခာထုပ်(၁၁)အနက် KNLA တပ်ရင်း(၁၀၂)မှ တပ်ခွဲစစ်သည်တော်များမှ (၉)ထုပ်ကို သိမ်းဆည်းရရှိကာ ကျန် (၂)ထုပ်မှာမူ ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ရဟတ်ယာဉ်ဖြင့် ရိက္ခာထုပ်များလာရောက်ကြဲချချိန် လုပ်ငန်းလုံခြုံချောမွေ့စေရေး အကြောင်းပြချက်ဖြင့် ဖာပွန်မြို့အခြေစိုက်စစ်ကောင်စီတပ်မှ ၁၂၂ မမ တစ်လုံးအား မဲဝေဒေသသို့ ခြိမ်းခြောက်ပစ်ပေးခဲ့သေးသည်။

စစ်ကောင်စီ၏ မယ်ဝေအခြေစိုက်စခန်းသည် ခလရ-၉၇ နှင့် ခမရ-၄၀၅ တပ်ရင်း(၂)ရင်းစခန်းထိုင်နေခြင်းဖြစ်ပြီး ကုန်းလမ်းကြောင်းဖြင့် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများသယ်ဆောင်ချိန်တိုင်း KNLA တပ်မဟာ(၁)နှင့် တပ်မဟာ(၅)တိုက ပိတ်ဆိုဟန့်တားသဖြင့် ရဟတ်ယဉ်များဖြင့် ပြောင်းလဲအသုံးပြုလာခြင်းဖြစ်သည်။