အာဏာသိမ်းအဖွဲ့က တန့်ဆည်မြို့မှ အမျိုးသား (၂)ဦးကို PDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ နေအိမ်နှင့် ဆိုင်ခန်းများအား နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ် သိမ်းဆည်း

အာဏာသိမ်းအဖွဲ့က တန့်ဆည်မြို့မှ အမျိုးသား (၂)ဦးကို PDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ နေအိမ်နှင့် ဆိုင်ခန်းများအား နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ် သိမ်းဆည်း
ဒီဇင်ဘာ 21, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ လမ်းဆုံတွင် အာဏာသိမ်းအဖွဲ့က PDF ဟု စွပ်စွဲခံရသည့် အမျိုးသားတစ်ဦးနှင့် PDF ကိုထောက်ပံ့သည်ဟု စွပ်စွဲခံရသည့် အမျိုးသားတစ်ဦးတို့၏ နေအိမ်များနှင့် ဆိုင်ခန်းများကို အာဏာသိမ်းအဖွဲ့က နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် သတင်းများထွက်လာသည်ကို တွေ့ရသည်။

တန့်ဆည်မြို့၊ လမ်းဆုံတွင်နေထိုင်သည့် ဦးဇော်မိုးနိုင်သည် PDF နှင့် ဆက်သွယ်ထောက်ပံ့သည်ဟု အာဏာသိမ်းအဖွဲ့က စွပ်စွဲကာ နေအိမ်နှင့်ဆိုင်ခန်းများကို ချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဦးနိုင်မျိုးအောင်ကိုလည်း PDF ဟု စွပ်စွဲကာ နေအိမ်အား ချိတ်ပိတ်ကြောင်း ဗီနိုင်းလာကပ်သွားသည်ဟု သိရသည်။

ပြည်သူ့ဆန္ဒဆန့်ကျင်၍ အာဏာသိမ်းထားသည့်အဖွဲ့သည် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများနှင့် ဆက်စပ်သည်ဟု ၎င်းတို့ယူဆသူများကို လိုက်လံဖမ်းဆီးခြင်းအပြင် နေအိမ်နှင့်ပိုင်ဆိုင်မှုများပါ သိမ်းဆည်းချိတ်ပိတ်၍ ခြိမ်းခြောက်ခြင်းများကို လုပ်ဆောင်လာသည်ကို တွေ့ရသည်။