ဗဟန်းတွင် သင်္ကြန်အကြိုနေ့ နံနက်ပိုင်း လူငယ် (၃)ဦးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်ဖမ်းဆီး၍ (၁)ဦးသေဆုံး

ဗဟန်းတွင် သင်္ကြန်အကြိုနေ့ နံနက်ပိုင်း လူငယ် (၃)ဦးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်ဖမ်းဆီး၍ (၁)ဦးသေဆုံး
ဧပြီ 13, 2022 | အခြားဒေသများ

ဗဟန်းတွင် သင်္ကြန်အကြိုနေ့ နံနက်ပိုင်း လူငယ် (၃)ဦးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်ဖမ်းဆီး၍ (၁)ဦးသေဆုံး

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ဖိုးစိန်လမ်းတွင် ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ (၁၃) ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းတပ်က ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး သေဆုံးပြီး လူငယ်နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရသည်။

 ဖိုးစိန်လမ်းရှိ Oasis Hotel အရှေ့၌ ပစွည်းပို့သည့် လူငယ်(၃)ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အနီးဝန်းကျင်မှ တွေ့ရှိသူများထံမှ သိရသည်။

 

ပစ်ခတ်မှုကြောင့် လူငယ် (၁) ဦး သေဆုံးသွားသည်ကို တွေ့ရပြီး အာဏာသိမ်းတပ်က ကျန်လူငယ် (၂) ဦးကို  အင်္ကျီချွတ်ခိုင်းပြီး ဓာတ်ပုံရိုက်ယူကာ  မျက်နှာကို ခြေထောက်နှင့် ကန်ကြောက်နေသည်ကိုလည်း တွေ့ခဲ့ရကြောင်း သိရသည်။ 

မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရဘဲ အာဏာသိမ်းတပ်က သေဆုံးသွားသည့် လူငယ်အလောင်းသယ်သွားသည့်အပြင် ကျန်လူငယ်နှစ်ဦးတို့ကို  ခေါ်သွားသည်ဟု သိရသည်။