အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် (၂၅)ဦးကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြင့် အာဂျင်တီးနားနိုင်ငံ တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်သည်ဟု ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK)နှင့် ရိုဟင်ဂျာအရေး လုပ်ဆောင်ပေးနေသူများထံမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စိုးဝင်း အပါအဝင် စစ်ကောင်စီတပ်မှ အရာရှိ(၂၅)ဦးကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ တရားရုံးက ဖမ်း၀ရမ်းထုတ်လိုက်ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomás Ojea Quintana ၏ တရားဝင်ကိုယ်စားလှယ် ဦးထွန်းခင်နှင့် မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) တို့က အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(IIMM)က ကူညီခဲ့သည်ဟု သိရသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့တွင်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)ထံ တရားလိုရှေ့နေ Karim Khan က တောင်းဆိုထားသည်။