လှိုင်သာယာမြို့နယ်မှ ဒေသကာကွယ်ရေးအဖွဲ့ G.O.D ရဲဘော်နှစ်ဦး လက်နက်များဖြင့် ဖမ်းဆီးခံရ

လှိုင်သာယာမြို့နယ်မှ ဒေသကာကွယ်ရေးအဖွဲ့ G.O.D ရဲဘော်နှစ်ဦး လက်နက်များဖြင့် ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Gods Of Death မှ တပ်ဖွဲ့ဝင် (၂)ဦး လက်နက်များနှင့်အတူ ဖမ်းဆီးခံလိုက်ရပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရကြောင်း  Gods of Death က သတင်းထုတ်ပြန်ထားသည်။

၎င်းတပ်ဖွဲ့ဝင်နှစ်ဦးသည် ယနေ့ ၂၀၂၂ ခုနှစ် မတ်လ (၁၅)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး သေနတ် (၁)လက်၊ ဗုံး (၂)လုံး၊ ဓါး (၂)လက်နှင့် ကျည်ဆံ (၂၀) အပါအဝင် အိမ်တွင်းအသုံးအဆောင်ပစ္စည်းများလည်း ပါသွားသည်ဟု သိရသည်။

ယနေ့တွင် G.O.D အဖွဲ့ဝင်ရဲ‌ဘော်နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ ကျန်အဖွဲ့ဝင်များ ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်သည်။ ရဲဘော်များ၏ လုံခြုံရေးအခြေအနေအရ ဖြစ်စဉ်အသေးစိတ်ကို တင်ပြနိုင်ခြင်း မရှိသေးပါ။

ဟု Gods of Death က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြီးခဲ့လပိုင်းက ဒေသကာကွယ်ရေး ပြောက်ကျားတပ်ဖွဲတစ်ခုဖြစ် သည့် CGF YGN မှ တပ်ဖွဲ့ဝင်အချို့လည်း ဖမ်းဆီးခံထားရခြင်းဖြစ်သည်။