ရန်ကုန်မြို့တွင် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူများ မတ်လ(၂၁)ရက်နေ့က စပြီး Online Booking စနစ်ဖြင့် ကြိုတင် ရက်ချိန်း ယူရမည်

ရန်ကုန်မြို့တွင် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူများ မတ်လ(၂၁)ရက်နေ့က စပြီး Online Booking စနစ်ဖြင့် ကြိုတင် ရက်ချိန်း ယူရမည်

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး လျှောက်ထားသူများ မတ်လ(၂၁)ရက်နေ့က စပြီး အွန်လိုင်း Booking 

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူများအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ၂၀၂၂ခုနှစ် မတ်လ(၂၁)ရက်နေ့က စပြီး ကြိုတင် Booking စနစ်ဖြင့် ရက်ချိန်းရယူပြီးမှသာ ရုံးတွင်းသို့ ဝင်ရောက်လျှောက်ထားနိုင်တော့မည်ဖြစ်ကြောင်း   မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်မြို့)က အသိပေးကြေညာထားသည်ကို တွေ့ရသည်။

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် တစ်နေ့လျှင် လူဦးရေ (၂,၅၀၀)ဝန်းကျင်အထိ နိုင်ငံကူးလက်မှတ်(ပတ်စပိုစ့်) လျှောက်ထားသူရှိနေသည့်အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရသည့်အပြင် Covid-19 ကာကွယ်နိုင်ရေးတို့ အတွက် ၂၀၂၂ခုနှစ် မတ်လ(၂၁)ရက်နေ့က စတင်ကာ  ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ Website https://www.passport.gov.mm/ တွင် Online Booking ရက်ချိန်းရယူပြီးမှသာ ရုံးတွင်းသို့ ဝင်ရောက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အသိပေးကြေညာထားရှိသည်။

Website https://www.passport.gov.mm/ တွင် Online Booking ရက်ချိန်းရယူမည့်သူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူ၏ အမည်၊ အဘအမည်၊ မွေးနေ့၊ ကျား/မ စသည့် ကိုယ်ရေးအချက်အလက်များ ကို Website တွက် မှန်ကန်စွာ ဖြည့်သွင်းပြီး၊ ဖြည့်သွင်းပြီးပါက Email သို့ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

Email သို့ ပေးပို့လာမည့် Passport Online Appointment Letter ကို Print ထုတ်၍ ဖြစ်စေ၊ QR ကုဒ်ကို save လုပ်၍ ဖြစ်စေ ယူဆောင်လာပြီး မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)သို့ လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထားရှိသည်။

နိုင်ငံကူးလက်မှတ်(ပတ်စပိုစ့်စာအုပ်)အသစ်လျှောက်ထားသည် ဖြစ်စေ၊ သက်တမ်းတိုးသည်ဖြစ်စေ ကျပ်(၂၅,၀၀၀) ကုန်ကျမည်ဖြစ်ပြီး၊ ပျောက်ဆုံး၊ ပျက်စီးပါက လျှောက်ထားခ ကျပ်(၆၅,၀၀၀)ကုန်ကြမည်ဖြစ်ကြောင်း သိရသည်။

Online Booking စနစ်သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအတွက်သာဖြစ်ပြီး မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲအဖြစ် ဖွင့်လှစ်ထားသည့် တာချီလိတ်ရုံးခွဲနှင့်အခြားရုံးခွဲများတွင် Online Booking လုပ်ဆောင်ရန်မလိုကြောင်း သိရသည်။