ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ယာဉ်တန်းကို မိုင်းအလုံး(၃၀)ကျော်ဖြင့် PDF များက ကြားဖြတ်တိုက်ခိုက်

ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ယာဉ်တန်းကို မိုင်းအလုံး(၃၀)ကျော်ဖြင့် PDF များက ကြားဖြတ်တိုက်ခိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှ ထွက်လာသည့် စစ်ကောင်စီတပ်၏ အမှတ်(၁၃)တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း၏ ရိက္ခာကားအစီး(၃၀)ကို ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းအလုံး(၃၀)ကျော်၊ ၄၀ မမ တို့ဖြင့် ယနေ့ မတ်လ(၅)ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ကားနှစ်စီးပျက်ပြီး သေဆုံး၊ ဒဏ်ရာရသူများရှိကြောင်း ထီးချိုင့် PDF က သတင်းထုတ်ပြန်လာသည်။

၎င်းစစ်ကောင်စီတပ်ကားများကို ထီးချိုင့်မြို့နယ် မောင်းကုန်းအထွက်၊ ကျက်သရေချောင်း၊ ကွင်းကြီး၊ ဆားတွင်း၊ အလယ်တော၊ အင်းတိန်၊ ဇီးဖြူကျင်း၊ ဘိုတဲကုန်း အနီးတဝိုက်တို့တွင် မိုင်းအလုံး(၃၀) ကျော်၊ ၄၀ မမ တို့ဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုများ၊ ပကဖ အဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်များက ရမ်းသမ်း ပစ်ခတ်သဖြင့် နေအိမ်တချို့ထိမှန်မှုရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မတ်လ(၄)ရက်နေ့ကလည်း ထီးချိုင့်မြို့အထွက်တွင် ထောင်ထားသည့် မိုင်း(၂)လုံးကို စစ်ကောင်စီတပ်များ ရှာတွေ့သဖြင့် လာဖြုတ်ချိန် မိုင်းကွဲကာ စစ်ကောင်စီတပ်သား (၂)ဦးသေကြောင်း သိရသည်။