KNU နယ်မြေ နို့တကောမြို့နယ်အတွင်း တစ်နေ့တည်း တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွား

KNU နယ်မြေ နို့တကောမြို့နယ်အတွင်း တစ်နေ့တည်း တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွား

ကရင်ပြည်နယ်၊ နို့တကောမြို့နယ်တွင် မတ်လ(၂၁)ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် KNLA တပ်တို့ နှစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU က သတင်းထုတ်ပြန်လာသည်။

နံနက်(၉)နာရီတွင် စစ်ကောင်စီတပ်၏ ခုတ်ခွားတောင်ပေါ်အခြေစိုက် ခမရ (၄၃၂)တပ်ရင်းနှင့် KNLA တပ်မဟာ(၆)၊ တပ်ရင်း (၁၇)တပ်ခွဲ(၂)၊ တပ်ရင်း(၂၇)၊ တပ်ခွဲ(၃)တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် နံနက်(၁၀)ခွဲတွင် စစ်ကောင်စီတပ်၏ ခမရ(၂၈၃)တပ်ရင်းနှင့် KNLA တပ်ရင်း(၁၇)တို့ သုံးတိုင်ကျေးရွာအနီး၌ ထပ်မံတိုက် ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မတ်လ(၁၉)ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ ခမရ(၄၃၂)တပ်ရင်း နှင့် KNLA တပ်မဟာ (၆)တပ်ရင်း (၁၇)တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

၎င်းတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ (၂)ဦးသေကာ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNLA ဘက်မှ ထိခိုက်မှု မရှိဟု သတင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်က အာရှလမ်းဆုံရှိ နို့တော်ပလာမှ KNU ဂိတ်တစ်ခုအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency