ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒွမ်)က တော်လှန်ရေးအတွက် ဒေသအလိုက် လှုပ်ရှားနိုင်ရန် တပ်နယ်များဖွဲ့စည်း၊ ပအိုဝ်းတိုင်းရင်းသားများ ပါလာဝင်လာရန် ဖိတ်ခေါ်

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒွမ်)က တော်လှန်ရေးအတွက် ဒေသအလိုက် လှုပ်ရှားနိုင်ရန် တပ်နယ်များဖွဲ့စည်း၊ ပအိုဝ်းတိုင်းရင်းသားများ ပါလာဝင်လာရန် ဖိတ်ခေါ်
ဇန်နဝါရီ 15, 2022 | အခြားဒေသများ

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒွမ်)က တော်လှန်ရေးလုပ်ငန်းများကို ဒေသအလိုက် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနိုင်ရန်အတွက် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားရမည့် နယ်မြေများကို ဖွဲ့စည်း တာဝန်ပေးလိုက်ကြောင်း ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်ကိုတွေ့ရသည်။

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒွမ်)၏ စစ်ရေးလှုပ်ရှားနယ်မြေများအဖြစ် တပ်နယ်(၁) သုဝဏ္ဏဘူမိသထုံဒေသ နှင့် တပ်နယ်(၂) ကရင်ပြည်နယ် အဖြစ် သတ်မှတ် ဖွဲ့စည်းတာဝန်ပေးထားပြီး ဒေသအလိုက် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသစ်များ ထပ်မံဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် ပအိုဝ်းတိုင်းရင်းသားပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ကူညီပေးကြရန်လည်း အသိပေး နိုးဆော်ထားရှိသည်။