ချင်းပြည်နယ် တီးတိန်မြို့ ရဲတပ်ဖွဲ့ (၂၆)တပ်ရင်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာသည်ဟု CDF CDM SIYINက ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ရဲတပ်သား ခိုင်ထူးဉာဏ်သည် ဇန်နဝါရီလ (၉)ရက်နေ့ညတွင် CDF CDM SIYIN ထံသို့ လက်နက်တစ်လက်၊ ခဲယမ်းတချို့နှင့် အလင်းဝင်ခဲ့ပြီး ၎င်းကို ငွေကျပ် သိန်း(၁၀၀) ချီးမြှင့်သွားမည်ဟု သိရသည်။
စစ်ကောင်စီတပ်အတွင်းမှ အလင်းဝင်ရောက်လိုသော တပ်သားများအနေဖြင့် ဆက်သွယ်နိုင်ပြီး မြို့တွင်း သာမက မည်သည့်နေရာတွင်မဆို လာရောက် ကြိုဆိုပေးမည်ဟုလည်း CDF CDM SIYIN က ဖော်ပြသည်။
ထို့အပြင် သွားလိုသည့်နေရာ၊ လုပ်လိုသည့် အလုပ်အကိုင်ကိုလည်း စိတ်တိုင်းကျ စီမံဆောင်ရွက်ပေးမည်ဖြစ်ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားပေးမည်ဟုလည်း ဆိုသည်။
လက်ရှိတွင် ချင်းညီနောင်တပ်ဖွဲ့များသည် မင်းတပ်၊ ဖလမ်းမြို့တို့ကို သိမ်းပိုက်ထားပြီး တီးတိန်မြို့ကို ဆက်လက်ထိုးစစ်ဆင်မည်ဆိုသော သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံများ ကြိုတင်ပြောင်းရွှေ့နေကြပြီဖြစ်သည်။
#TachileikNewsAgency
#TNA_MAT
Photo:CDF CDM SIYIN