ရေဖြူမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးအား ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်မှ ဖမ်းဆီးထိန်းသိမ်း

ရေဖြူမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးအား ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်မှ ဖမ်းဆီးထိန်းသိမ်း

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ရေဖြူမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးအား ဖမ်းဆီးထိန်းသိမ်းကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA) မှ သတင်းထုတ်ပြန်သည်။

ရေဖြူမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးအား ၎င်းနှင့်အတူပါလာသည့် ပစ္စည်းများနှင့်အတူ ၂၀၂၄ခုနှစ် ဇူလိုင်လ (၆) ရက်နေ့တွင် ရေဖြူမြို့နယ်အတွင်း၌ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင်လ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၃)ရက်နေ့ကလည်း ရေဖြူမြို့မ ရဲစခန်းကို DNLAနှင့် မဟာမိတ်တပ်ဖွဲ့တို့မှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

ပြည်သူလူထုအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နေသည့်အချိန်ဖြစ်သည့်အတွက် စစ်ရေးအသိ၊သတိဖြင့် သွားလာနေထိုင်ကြရန် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)မှ အသိပေးထားသည်။

#TachileikNewsAgency

Photo : Dawei National Libration Army