ကန်ပက်လက်မြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ကန်ပက်လက်မြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ချင်းပြည်နယ် မင်းတပ်ခရိုင် ကန်ပက်လက်မြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ကြောင်း CDF – Kanpetlet မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကန်ပက်လက်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဒုတပ်ကြပ် ဦးကွီးလိန်းသည် ဇူလိုင်လ (၁၈)ရက်နေ့တွင် လက်နက်ခဲယမ်းများနှင့်အတူ CDF–Kanpetlet ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒုတပ်ကြပ်သည် ၎င်းနှင့်အတူ BA 63 (၁)လက် ၊ ကျည် (၃၀)တောင့်၊ ကျည်ဘောက် (၂)ခုနှင့် ဆက်သွယ်ရေးစက် (၁)လုံးတို့ ယူဆောင် အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကန်ပက်လက်မြို့အတွင်းရှိ စစ်ကောင်စီတပ်သားနှင့် ရဲတပ်သားများအနေဖြင့် ယုံကြည်စွာ ဆက်သွယ်အလင်းဝင်နိုင်ကြောင်း CDF-Kanpetlet မှ အသိပေးထားသည်။

#TachileikNewsAgency

Photo: Chin Defence Force -Kanpetlet