ရွှေပြည်သာမြို့နယ် (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးကွဲ

ရွှေပြည်သာမြို့နယ် (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးကွဲ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ၂၀၂၄ ခုနှစ် ဇွန်လ(၁၁)ရက်နေ့ ညပိုင်းက ပြင်းအားမြင့်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း Dark Shadow UG အဖွဲ့ထံမှ သိရသည်။

တိုက်ခိုက်မှုအောင်မြင်ပြီး မြေပြင်ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကာ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သော ရဲဘော်များလည်း နေရပ်သို့ ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိပြီဖြစ်သည်ဟု ယနေ့ ဇွန်လ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

Dark Shadow UG အဖွဲ့သည် မေလ(၂၇)ရက်နေ့ကလည်း လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် (၈)ရပ်ကွက်၊ မကွေးလမ်းရှိ မြို့နယ်စည်ပင်သာယာရေးရုံးကို အဝေးထိန်းမိုင်းဖြင့် တစ်ကြိမ်ဖောက်ခွဲရာ စစ်ကောင်စီတပ်သားများ ရောက်ရှိလာချိန်တွင် ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Dark Shadow အဖွဲ့ အရိပ်တပ်သားများသည် မည်သည့်အဖွဲ့အစည်းများနှင့်မှ မဟာမိတ်ပြုလုပ်ထားခြင်း၊ ဖွဲ့စည်းမှုအောက်တွင် ပါဝင်ခြင်းမရှိဘဲ တရားမျှတမှုနှင့် လွတ်လပ်မှုကို လိုလားသော တော်လှန်ရေးတပ်သားများ စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်ဟု ဆိုသည်။

#TachileikNewsAgency