ဝက်လက်မြို့နယ်အတွင်း အာဏာသိမ်းတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး၊ တပ်စွဲထား၍ အမှတ် ၃ လမ်းကို အသုံးမပြုရန် ဝက်လက် PDF သတိပေး

ဝက်လက်မြို့နယ်အတွင်း အာဏာသိမ်းတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး၊ တပ်စွဲထား၍ အမှတ် ၃ လမ်းကို အသုံးမပြုရန် ဝက်လက် PDF သတိပေး
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်၊ ကူကြီး၊ ငါးပတ်ချောင်းကျေးရွာများသို့ ယနေ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတွင် တပ်စွဲထားသဖြင့် အများပြည်သူအနေဖြင့် အမှတ် ၃ လမ်းအား အသုံးမပြုကြရန် ဝက်လက် PDF က သတိပေးထားသည်။

စစ်ကောင်စီတပ်များသည် ဧရာဝတီမြစ်ခွဲမှတစ်ဆင့် ငါးပတ်ချောင်းရွာ၊ ကူကြီးရွာနှင့် သစ်ဆိမ့်ရွာတို့ကို ယနေ့တွင် အင်အားအလုံးအရင်းသုံးကာ ဝင်ရောက်ပြီး ရွာတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ကြောင်း သိရသည်။

၎င်းတို့သည် အင်အား(၂၀၀)ဝန်းကျင်ဖြင့် ရောက်ရှိနေခြင်းဖြစ်ပြီး သစ်ဆိမ့်ရွာနှင့် ရှိမ္မကားကျေးရွာတိုတွင် အင်အားဖြည့်တင်းထားကြောင်း သိရသည်။ 

ထိုအပြင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ မြေနုရွာ၊ ဟင်္သာမကျေး ရွာများတွင်လည်း အင်အား(၁၀၀)ဝန်းကျင် တပ်စွဲထားကြောင်းလည်း သိရသည်။