စစ်ကောင်စီတပ်သားများ ကင်းချထားသည့် ကျောက်တန်းမြို့နယ်လျှပ်စစ်ရုံးကို အဝေးထိန်းမိုင်းဖြင့် ဗုံးခွဲတိုက်ခိုက်

စစ်ကောင်စီတပ်သားများ ကင်းချထားသည့် ကျောက်တန်းမြို့နယ်လျှပ်စစ်ရုံးကို အဝေးထိန်းမိုင်းဖြင့် ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်လျှပ်စစ်ရုံးတွင် စစ်ကောင်စီတပ်သားများ ကင်းချထားသည့် စစ်ဆေးရေးဂိတ်ကို ယနေ့ မတ်လ (၅)ရက်နေ့ နံနက်ပိုင်းက အဝေးထိန်းမိုင်းဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Thongwa Youth Force-T.Y.F)နှင့် ချေဂွေဗားရားပျောက်ကျားတပ်ဖွဲ့ ကျောက်တန်း(CRF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီဘက်မှ မီတာရုံး အ၀င်လမ်းများအား ပိတ်ထားပြီး သတင်းအား ဖုံးကွယ်ရန် အသည်းအသန် ကြိုးစားနေကြောင်း၊ CRF အနေဖြင့်စစ်ကောင်စီနှင့် စစ်ကောင်စီအား ထောက်ပံ့ကူညီပေးနေသော သတင်းပေးဒလန်များအားသတိပေးနေမှာ မဟုတ်တော့ဘဲ ပြတ်ပြတ်သားသား သုတ်သင် ရှင်းလင်းသွားမည်ဖြစ်ကြောင်း အသိပေးလိုက်သည်

ဟု Che-Guevara Revolution Force - Kyauktan က ထုတ်ပြန်သည်။

ထို့အတွက်ကြောင့် ကျောက်တန်းမြို့ရှိ မိဘပြည်သူများ အနေဖြင့် ကျွန်တော်တို့ ချေဂွေဗားရားပျောက်ကျားတပ်ဖွဲ့ ကျောက်တန်း အား ထောက်ပံ့ကူညီခြင်းဖြင့် စစ်အာဏာရှင်အား တတ်နိုင်သည့်ဘက်မှ တော်လှန်ကြပါရန် တောင်းဆိုထားသည်။